တတိယထောင်စုနှစ်ရဲ့
လိုက်ကာအဖွင့်ကတော့ အဖြစ်အပျက်အပြောင်းအလဲတွေနဲ့ ထုံမွှမ်း နေပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးက မယုံနိုင်စရာမရှိအောင်ဘဲ ပြောင်းလဲမှုက မြန်နှုန်းမြင့်နေပါတယ်။
နှစ်စဉ်တိုးတက်လာတဲ့စီးပွားရေးပုံစံခွက်တွေက တစ်ခုပြီးတစ်ခု ကွဲအက်ပြိုကျကုန်တယ်။
အပြောင်း အလဲအသစ်ကို ကြုံရဖို့အတွက် ဆွေးမြေ့နေတဲ့ စနစ်ဟောင်းတွေ
ပြိုကျကုန်ခြင်းလား။
ကံကောင်းလို့စီးပွားပျက်တာပါ။စီးပွားပျက်လာတာဟာ
ကံကောင်းတာဟုတ်ပါ့မလား ဒါပေမယ့် အခွင့်အလမ်းသစ်တွေက
ကံမကောင်းတဲ့အထဲမှာရောပါလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အခက်အခဲတွေက ကျွန်တော်တို့
လူ့အဖွဲ့အစည်းကို တိုးတက်မှုတွေကို ဖြစ်ပေါ် စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်
ကံဆိုးတယ်လို့ထိုင်တွေးနေလို့ မဖြစ်ဘူး။
ပြဿနာကြီးကြီးနဲ့
ရင်ဆိုင်ရလေလေ၊ လူသားရဲ့စွမ်းရည်ဟာ ပိုမိုတိုးတက်လာလေပါပဲ။ ခေတ်ကာလကြီးက
ကျွန်တော်တို့အားလုံးကို စမ်းသပ်ဖို့ပါ။
စီးပွားပျက်ကပ်တွေ
ဘာကြောင့်ဆိုက်ရသလဲဆိုတဲ့မေးခွန်းက ပညာရှင်တွေကြားမှာတော့ ပွတ်လောရိုက်လှိုင်းထ၊
အဖြေအမျိုးမျိုးကောက်ချက်အမျိုးမျိုးနဲ့ပါ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအနေ
နဲ့ကတော့ ပညာရှင်တွေ ရည်ညွှန်းပြောဆိုကြတာ ဗားရှင်း ၂ အနေနဲ့ပဲရှိပါသေးတယ်။ ပထမအ
ကြိမ်က ဘောဂဗေ’ပညာရှင်ဂျွန်မေနပ်ကိန်းရဲ့ ငွေကြေးတွေကို လည်ပတ်သုံးစွဲရေး
ပေါ်လစီနဲ့ကယ် တင်ခဲ့ပါတယ်။ ငွေကြေးဟာလူ့ခန္ဓာကိုယ်ရဲ့သွေးတွေလိုပဲ စီးပွားရေးအတွက်
အရေးကြီးဆုံးပါ။ ပြီးတော့ လှည့်ပတ်စီးဆင်းမှုအားကောင်းရင်
အဲဒီနိုင်ငံရဲ့စီးပွားရေး၊ကျန်းမာရေးကောင်းမွန်မှာပါပဲ။ လက်ရှိလည်း
အမေရိကန်ဗဟိုဘဏ်က ဒေ’ါ်လာ ၇၀၀ ဘီလီယံနဲ့ အမေရိကန်ရဲ့ ငွေကြေးဈေးကွက် ကို
ကျားကန်ပေးဖို့စီစဉ်နေတယ်။ ဥရောပ၊ အာရှနဲ့ အခြားဒေသဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေက
အရန်ငွေကြေးတွေနဲ့ ငွေကြေးယန္တရားတွေကို အခြေမပျက်အောင်
ကျားကန်ထားပါဦးမယ်။ဒ’ါပေမယ့် ဒီလိုပြုလုပ်ထားတာဟာ လက်ရှိဈေးကွက်တွေ
ထပ်မံပြိုမဆင်းသွားအောင်ဘဲ တက်နိုင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေးပြန်လည်လည်ပတ်နိုင်ဖို့အတွက်က အချိန်ယူရဦးမှာပါ။ ဘာကြောင့်
စီးပွားပျက်သလဲဆိုတော့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။ အလွန်အမင်းစုဆောင်းမှုနဲ့
ဝင်ငွေကို အဆမတန် ကြိုတင်သုံးစွဲမှုတွေကြောင်ပါပဲ။ ၂၀၀၅ခုနှစ် တစ်နှစ်တည်းမှာ ကမ္ဘာကြီးဟာ
ဒေါ်လာ ၁၁ထရီယံလောက် စုဆောင်းခဲ့တယ်လို့IMF ကခန့်မှန်းခဲ့ပါတယ်။
အဲဒီငွေသေအိုင်တွေဟာဒီကနေ့ စီးပွားရေးကို ယိုင်လဲသွားစေတဲ့
ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။
ဥရောပရဲ့ပင်စင်စုဆောင်းငွေများ၊
ဂျပန်ရဲ့အိုနာစာရန်ပုံငွေများ၊ အာရှသူဌေးတွေရဲ့ အက်ဆက် ၀ယ်ယူမှုတွေက
ငွေကြေးအကျပ်အတည်းကို တစ်နည်းတစ်ဖုံ ပတ်သက်နေပါတယ်။ အခြားတစ်ဖက် ကလည်း
ရေနံဈေးနှုန်းတွေကအဆမတန်တိုးမြင့်လာနေတယ်။ ၂၀၀၃ခုနှစ်က ရေနံတစ်စည်ကို ၂၉ ဒေါ်လာအထိ
တက်သွားလို့ ဗြိတိန်လမ်းမတွေပေါ်မှ ထရပ်ကားတွေရပ်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့
ဖူးပေမယ့် ၂၀၀၈ခုနှစ်မှာ ဒေါ်လာ ၁၄၀ ထိ တက်သွားတဲ့ ရေနံဈေးကိုတော့ တစ်ကမ္ဘာလုံးက
အောင့် အီးသည်းခံနေခဲ့ရတယ်။ ရုရှား၊ အိုပက်နဲ့ အရှေ့အလယ်ပိုင်း
နိုင်ငံတော်တော်များများကို ပိုက်ဆံ အလုံး အရင်းနဲ့ လှိမ့်ဝင်သွားပါတယ်။
အာရှငွေကြေး
အကျပ်အတည်းကြောင့် ဖင်ထိုင်သွားခဲ့ရတဲ့ ဂျပန်နဲ့ အာရှကျားတွေနေရာမှာ တရုတ်က
စီးပွားရေးအင်ဂျင်ကို ၀င်ကိုင်လာပါတယ်။
၂၀၀၁
စက်တင်ဘာ ၁၁ အကြမ်းဖက်မှုအပြီး အမေရိကန်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ
အိန္ဒိယတိုက်ငယ်ကို အိုင်တီပညာရှင်တွေ လူငယ်တွေ
ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ လက်ဗလာ၊ ခြေဗလာနဲ့
ပြန်လာတဲ့လူငယ်တွေကအိုင်ဒီယာတွေပါလာပါတယ်။ သူတို့ကနေ့ချင်းညချင်း မီးခိုးတိတ်
ကုန်စည်တွေ ထုတ်လုပ်တော့တာပဲ။ မွန်ဘိုင်းကို အခြေစိုက်ပြီးကမ္ဘာအရပ်ရပ်ကို
ဆော့ဝဲတွေရောင်းချတယ်။ Outsourcing တွေလက်ခံဆောင်ရွက်တယ်၊ ၂၀၀၇ အိမ်ခြံမြေ အကျပ်အတည်းအပြီးမှာတောင်
ကြွေးဆိုးတွေကြွေးပြန်တောင်းတဲ့ လုပ်ငန်းကို အိန္ဒိယလူငယ်တွေက
ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်လာကြတယ်။
၁၉၃၀
ကာလလောက်က “ဘဏ်တွေက ငါတို့ဝါခင်းတွေကို ဘာကြောင့်သိမ်းယူတာလဲ” ဆိုတဲ့ အုတ်ကီးတွေ
ညည်းရတဲ့အဖြစ်မျိုး တစ်ကျော့ပြန်လာတာပါ။
“အဘိုးက
‘ဒီ မြေကို အသက်နဲ့ရင်းပြီး ရယူထားတာကွ၊ အဖေကျတော့ ဒီမြေပေါ်မှာ မွေးခဲ့တာ။
ပေါင်းပင်မြက်ပင်တွေကို ပင်ပန်းကြီးစွာရှင်းပြီး စိုက်ပျိုးမြေဖြစ်အောင်
လုပ်ထားတာ။ ကျုပ်တို့လည်း ဒီမြေမှာ မွေးခဲ့တာ။ ရာသီဥတုအရမ်းဆိုးဝါးတဲ့နှစ်တွေမှာ
အဖေငွေနည်းနည်း ချေးခဲ့ ရတယ်။ သူ့ခမျာ အခက်အခဲကြုံလာတော့ ငွေမချေးလို့
မဖြစ်တော့ဘူး။ နောက်တော့ ဒီမြေကို ဘဏ်ကပိုင်သွားရော။ဒ’ါပေမယ့် ဒီမြေမှာ
ကျုပ်တို့ဆက်နေခဲ့တယ်။ စိုက်ပျိုးလို့ထွက်တဲ့သီးနှံတွေထဲက ကျုပ်တို့နည်းနည်းပဲရတာ။
“‘ဒါကြောင့်ဒီမြေဟာ
ကျုပ်တို့မြေပဲ၊ ကျုပ်တို့မြေ။”"မဟုတ်ဘူးကွ၊ ဘဏ်ကပိုင်တဲ့မြေ။ မင်းတို့ထွက်သွားပေးရမယ်။”
ဂျွန်စတိန်းဘတ်ရဲ့ ဇာတ် ၀င်ခန်းတစ်ခန်းပါ။ ၁၉၃၀ ကာလက အုတ်ကလာဟိုးမားက
ခြေသလုံးအိမ်တိုင်ဖြစ်ကျန်ခဲ့တဲ့ အမေ ရိကန် ယာသမားတွေအကြေားပါ။
စူးအက်တူးမြောင်းကြောင့် စပါးအရောင်းအ၀ယ်တွေကောင်းပြီး ကြီးပွားလာတဲ့
အရှေ့တောင်အာရှသားတွေကျတော့ . . .။
“အတိုးခဏ
ဆိုင်းချင်လို့ပါ ဘာဘူရယ်။”
“မရဘူး။
ကျုပ်တို့ကလည်း ဘဏ်ကို အတိုးပြန်သွင်းနေတာ။ အခု ဘဏ်က ကျုပ်တို့ကို
ပိုက်ဆံပြန်တောင်းနေပြီ။”
“စပါးဈေးကဒီနှစ်နှစ်
ခွက်ခွက်လန်အောင်ရှုံးတာ။ ရသမျှလည်း ဘာဘူကို အကုန်ထိုးအပ် တာပဲ။”
“ငါလည်း
ဘာတတ်နိုင်မှာလည်း ၀ယ်မယ့်သူမှ မရှိတာအတိုးမတက်နိုင်ရင် လယ်ခွဲရောင်း ပေါ့”
သမီးပေးတာတောင်
ချစ်တီးအကြွေးက မကြေနိုင်ဆိုတဲ့ ခါးခါးသီးသီးဖြစ်ရပ် အရှေကတောင် အာရှက လယ်သမားတွေ
ခံစားလိုက်ရပါတယ်။
၁၉၃၀တွေနဲ့
မတူတဲ့အချက်က ဂလိုဘယ်လိုက်ဇေးရှင်းကအပြန့်ကျယ်လာတာပါပဲ။ လေးမန်းဘ ရားသားဘဏ်ကို
လက်လွှတ်ဆုံးရှုံးပြီး၊ အေအိုင်ဂျီ ကို မကယ်တင်နိုင်ခင် စပ်ကြားမှာတော့
စင်ကာပူက စတော့ရှယ်ယာရှင်တွေက နေမထိမထိုင်မသာပါ။ အမေရိကန်က
စတော့ရှယ်ယာညွှန်းကိန်းတွေက ကမ္ဘာပေါ်က စိုးရိပ်သောကတွေကို ကိုယ်စားပြုနေပါတော့တယ်။
အနာဂတ်ဝင်ငွေ အလွန်အမင်း ကြိုတင်သုံးစွဲမှု ဖြစ်စဉ်က ကမ္ဘာ့ငွေကြေးကို
အကျပ်အတည်းကာလထဲ ထိုးစိုက်သွားစေခဲ့ပါတယ်။ ဒါဆိုရင် စီးပွားပျက်စေတဲ့
အကြောင်းရင်းလေးတွေကို ကျွန်တော်တို့ရေတွက်ကြည့်ရအောင်၊ ကာကွယ်ရေးစရိတ်အဆမတန်
တိုးမြင့်လာခြင်း၊ အခွန်လျော့ကျခြင်းနဲ့ အလွန်အကျွံစုဆောင်းခြင်း၊
အဆမတန်ကြိုတင်သုံးစွဲခြင်းနဲ့ စိတ်ကူးယဉ်ရင်းနှီးမြှပ်နှံမှုကြောင့်တို့ပဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အကျပ်အတည်းကာလမှာ ကျွန်တော်တို့ ရစရာ အခွင့်အလမ်းတစ်ရပ် ရှိပါသေးတယ်။
အဲဒါကတော့ လက်ရှိကမ္ဘာကြီးထက် ပိုကောင်းမွန်တဲ့ကမ္ဘာကြီးကို ချီတက်ဖို့
ကောင်းမွန်သေချာတဲ့ အပြောင်းအလဲ တွေနဲ့ စတင်ကြဖို့ပါပဲ။
အမေရိကန်မှာ
အပြီးသတ်ရွေးကောက်ပွဲတွေမလာခင် ၂၀၀၇ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အယ်ဂိုးက
ဘားရတ်အိုဘားမားကို လူသိရှင်ကြား ထောက်ခံလိုက်ပါတယ်။ ပြီးတော့သမ္မတကြီး လင်ကွန်းနဲ့
ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။ မစ္စတာ အယ်ဂိုးအနေနဲ့ ဘားရတ်အိုဘားမားဘက်ကနေ
ကြွားဝါလွန်းနေရာ ကျမလားတော့ မသိပါဘူး။ သူကတော့ ကမ္ဘာကြီးကို မကိုင်တွယ်မထိရသေးပါ
ဘူး။ အပြောင်းအလဲဆိုတဲ့ စကားလုံးနဲ့ အိုဘားမား ရွေးကောက်ပွဲအနိုင်ရလိုက်ပါတယ်။
တောင်အာဖ ရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလားရဲ့ သ၀ဏ်လွှာထဲမှာတော့ စိတ်ဝင်စားစရာ
စကားတစ်ခွန်းပါ လာပါတယ်။ မစ္စတာအိုဘားမားဟာ ကမ္ဘာပေါ်က မျှော်လင့်ချက်
သန်းပေါင်းများစွာကို ထပ်မံပေါက် ပွားသူလို့ အဓိပ္ပာယ်သက်ရောက်တဲ့စကားစုပါ။
အိုဘားမားလက်ကိုင်သုံးစွဲခဲ့တဲ့ စကားလုံးကလည်း အပြောင်းအလဲ၊ ကမ္ဘာကြီးနဲ့
အမေရိကန်နိုင်ငံ လိုအပ်နေတာကလည်း အပြောင်းအလဲပါပဲ။ ပြီးတော့ အိုဘားမားကိုယ်တိုင်က
အပြောင်းအလဲပါ။
ဘာကြောင့်
အပြောင်းအလဲကို အရေးတကြီး လိုအပ်နေတာလဲ၊ အပြောင်းအလဲထဲမှာ လက်ရှိ
အကျပ်အတည်းထဲက ဖောက်ထွက်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်တွေရှိနေလို့ပါ။
ခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်းတွေပျော့ကွက် ဟာကွက်တွေ ရှိနေတဲ့ စနစ်ဟောင်းတွေကို
ဆေးမြီး တိုနဲ့ မောင်းနှင်ခဲ့တဲ့ ဆယ်စုနှစ်တွေအပြီးမှာ
အားကောင်းမောင်းသန်တဲ့စနစ်တစ်ခု လူမှုဘ၀တစ်ခု အတွက် ကျွန်တော်တို့အားလုံးဟာ
ဒီကနေ့အကျပ်အတည်းတွေကိုမျက်နှာမူပြီး ရင်ဆိုင်ဖြေရှင်းရတော့ မှာပါ။
နှစ်ထောင်ပြည့်လွန် ဆယ်စုနှစ်ထဲ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းသမ္မတ၊ အရင်းရှင်
ကွန်မြူနစ်နိုင်ငံတော်၊ အာကာသခရီးသွားလုပ်ငန်း၊ အိုင်တီ ပေါက်ကွဲမှု၊ ကမ္ဘာ့ငွေကြေး
အကျပ်အတည်း၊ မုန်တိုင်းကြီးများ၊ ကမ္ဘာမြေစိမ်းလန်းစိုပြေရေးတို့နဲ့ တစ်ရံမလပ်တဲ့
အဖြစ်အပျက်တွေနဲ့လှုပ်ရှားပြောင်း လဲနေပါတယ်။
အမေရိကန်နဲ့
ကမ္ဘာ့ဈေးကွက်ထဲမှာ လတ်တလောပျောက်နေတဲ့ ယုံကြည်မှုတွေက အကောင် အထည် မဖော်ရသေးတဲ့
သမ္မတသစ်အိုဘားမားရဲ့ စကားတွေကြောင့် ဈေးကွက်ထဲမှာ ယုံကြည်မှု တချို့
ပြန်လည်ရရှိခဲ့ပါတယ်။ ရေနံဈေးက ဒေါ်လာ ၅၀ကျော်ထိ ပြန်မြင့်လာပါတယ်။ ရွှေတန်ဖိုး
ပြန်မလာသလို၊ ကမ္ဘာ့အကြီးဆုံး ဘဏ်လုပ်ငန်းစုဖြစ်တဲ့ Citigroup ကို ကယ်တင်မယ်ဆိုတဲ့
အချက်ကြောင့် စတော့ရှယ်ယာဈေးတွေ ပြန်လည်မြင့်တက်လာတာပါပဲ။
စီးပွားရေးဂုရုကြီး
အဒမ်စမစ်က ဈေးကွက်ကို အစိုးရက ၀င်ရောက်စွက်ဖက်တာကို သဘော မကျပါဘူး။ ဈေးကွက်မှ
အလိုအလျောက် ထိန်းညှိဖို့ ခလုတ်တွေရှိတယ်လို့ သူကယုံကြည်တယ်။ ပြီး တော့
ဈေးကွက်မှာမြင်ရတဲ့လက်တွေရှိတယ်။ဒါပေမယ့် ၂၁ ရာစုမနက်ခင်းမှာ တော့
Globalcompanyတွေသိပ်များနေလွန်းသလို၊ ကမ္ဘာပတ်လည်ဖြန့်ကျက်လာတဲ့
ကော်ပိုရိတ်ဈေးကွက်က မမြင်ရတဲ့ လက်တွေကိုမှ ဖမ်းချုပ်ဖို့ ကြိုးစားလာကြပါတယ်။
ကော်ပိုရိတ် စီအီးအိုတွေဟာ ဖာရို ဘုရင်တွေထက် လိုချင်တပ်မက်မှု
ပိုမိုများပြားလာတယ်။ သူတို့က နိုင်ငံများရဲ့ဓနကို သူတို့အိတ်ထောင် ထဲ
လှောင်ထည့်ထားချင်လာကြတယ်။ စစ်ရေး၊ နိုင်ငံရေးတို့ကို စီးပွားရေးသြဇာနဲ့
တွန်းတိုက်ချင်ကြ တယ်။ သူတို့ရဲ့ အင်ပိုင်ယာဟာ နိုင်ငံများကြားက
နယ်ခြားမျဉ်းတွေကို
ကျော်လွှားသွားခာချင်တယ်။
တတိယကမ္ဘာရဲ့ မပြည့်စုံသေးတဲ့ ဥပဒေစနစ်တွေကို ဈေးကွက်စီးပွားရေး မျက်နှာဖုံးနဲ့
ကျော်လွှားသွားလာကြတယ်။ စီးပွားရေးကိုလိုနီနယ်တွေကို ဈေးကွက်စီးပွားရေးခေတ်ဦးမှာ
နိုင်ငံစုံကော်ပိုရိတ်တွေက ခြေလှမ်းဖြန့်ခဲ့ကြတယ်။ မမြင်ရတဲ့လက်တွေကို
မသမာတဲ့နည်းနဲ့ ဖမ်းချုပ်ချင်ကြတာ ပါ။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု
FDIကို ရေငတ်သလို ငတ်မွတ်နေတဲ့ တတိယကမ္ဘာကအစိုး ရတွေဟာ ကော်ပိုရိတ စီအီးအို
တွေရဲ့အချော့အမြူမှာ ပျော့ညွတ်ခဲ့ရတဲ့ သာဓကတွေရှိနေပါတယ်။ နောက်ဆုံးတော့
ကော်ပိုရိတ်တွေရဲ့ လောဘဟာ အကျပ်အတည်းတစ်ခုဆိုက်ပြီး ဇာတ်သိမ်းသွားကြ တာချည်းပါပဲ။
၁၉၉၈ ခုနှစ်မှာ ဒေ၀ူးရဲ့အမာခံကုမ္ပဏီတွေဟာ ၀င်ငွေ၅၁ ဘီလီယံရှိပြီး၊ ၄၅၈သန်း
အရှုံးပေါ်ခဲ့တယ်။ နှစ်ချုပ်စာရင်းတွေမှာ အမြတ်ဝင်ငွေပိုပြ၊ အခွန်ပို ထမ်းပြပြီးမှာ
ရှယ်ယာတန်ဖိုး နှစ်ဆ၊ သုံးဆပိုတက်အောင် လုပ်ပြတဲ့အတတ်ကို ဝေါစထရိကနေ ဆိုးလ်အထိ
စီအီးအိုတွေရဲ့ အဌာ ရသ တစ်ပါးလို တတ်မြောက်ထားရမယ်လို့
ကော်ပိုရိတ်လောကက ထင်မှတ်ထားကြပါတယ်။ ဈေး ကွက်စီးပွားရေးမှာ ပျောက်စေဆရာတွေ
ပိုများလာပါတယ်။ ဆင်းရဲတွင်းထဲက နင်းကန်ထိုးတက်နေ တဲ့ နိုင်ငံတွေက
ကော်ပိုရိတ်ပွဲစားတွေရဲ့ သုတေသနဖန်ပြားပေါ်မှာ အစမ်းသပ်ခံသတ္တ၀ါလေးတွေ
ဖြစ်လို့နေပါတယ်။ တစ်သက်လုံးဖြစ်နေတဲ့ အရှုံးကို နှစ်ပိုင်း လပိုင်းအတွင်း
အမြတ်ရာနှုန်းတွေ ဖွံ့ဖြိုးမှုရလဒ်တွေ၊ ခေတ်မီမြို့ပြကြီးတွေ တည်ဆောက်ပြလိုက်တယ်။
တတိယကမ္ဘာက သူတို့ပြန် သယ်သွားတာက သစ်တောတွေ၊ တွင်းထွက်တွေ၊ ကျောက်မျက်၊ဓာတ်သတ္တု
ရုပ်ကြွင်းလောင်စာတွေ ပါပဲ။
ငွေကြေးဟာ
အကြွေးစနစ်တွေ လည်ပတ်မှုယန္တရားမှာ တစ်နေရာမှာ အဖုအထစ်ဖြစ်ခဲ့ရင် အကျပ်အတည်း
ဆိုက်တော့တာပါပဲ။ ဘဏ်တွေဟာ အရန်ငွေသားနဲ့ အကြွေး
လည်ပတ်မှုတန်ဖိုးကို
မှန်မှန်ကန်ကန် ကျားကန်ပေးရပါတယ်။ ငွေကြေးအမြောက်အမြား စုပုံတောင်းခဲ့ရင်ဖြစ်စေ၊
ဘဏ်က ထပ်မံရင်းနှီးထားတဲ့ လုပ်ငန်းတွေ အရှုံးပေါ်ရင်ဖြစ်စေ ငွေကြေးအကျပ်အတည်း
ဆိုက်ရောက်တတ်ပါ တယ်။ စာရင်းလိမ်ပြတတ်တဲ့အတတ်ဟာ အကျပ်အတည်းဆိုက်စေတာကလွဲလို့
အကျိုးဖြစ်ထွန်းမှု နည်းပါးပါတယ်။ ရေတိုမှာတော့
မြိုးမြိုးမြက်မြက်အကျိုးရှိသယောင်ဆိုပေမယ့် အမြတ်ရာနှုန်းတွေ ချည်း
မျက်စိမှတ်တွက်နေရင်တော့ ချောက်ကမ်းပါးဘက် ဦးတည်လျှောက်နေသလိုပါပဲ။
ခန္ဓာကိုယ်လေဖြတ်သလို
အကြွေးချထားတာတွေက ပြန်မဆပ်ဘူး။ ဦးနှောက်ကို သွေးတိုး သလို ကြွေးပူတွေက
အတိုးတက်ပြီဆိုရင်တော့ နှလုံးကိုလေဟပ်ခံရတာပါပဲ။ အာရှငွေကြေးအကျပ် အတည်းမှာ
ထိုင်းနိုင်ငံ ဆောက်လုပ်ရေးသူဌေးတွေ သူတို့မျှော်လင့်တဲ့ အဆောက်အအုံမြင့်မြင့်တွေ
ပေါ်က လက်လွတ်လုန်ဆင်းခဲ့ရတဲ့ သာဓကတွေရှိပါတယ်။ အကြွေးဟာ စီးပွားအင်ဂျင် ကောင်းမွန်
စွာလည်ပတ်နေချိန်မှာတော့ ချောဆီလိုပဲ တန်ဖိုးရှိပါတယ်။ ၀ယ်လိုအား၊ ရောင်းလိုအားနဲ့
စီးပွားရေး ဖွံ့ဖြိုးမှု တန်ဖိုးပြဂရမ်မျဉ်း သိသိသာသာ မြင့်တက်သွားစေပါတယ်။
ဒါပေမယ့် လူဆိုတာ အမြဲတမ်း စနစ်တကျ ဖွဲ့စည်းထားတဲ့ သတ္တ၀ါမဟုတ်ပါဘူး။
သွေးလေချောက်ချားသလို စိတ်ဓာတ်တွေ ဖောက် ပြားလာရင်တော့ မိုက်မိုက်မဲမဲ
သုံးဖြုန်းတတ်လာပါတယ်။ စီးပွားရေး သိပ်ဆန်ပါတယ်ဆိုတဲ့ Money Hunter
တွေတောင်စီးပွားဖွံ့ဖြိုးမှုများလာရင် အလွန်အကျွံသုံးဖြုန်းတတ်ပါတယ်။ အဆိုး ဆုံးက
မမြင်ရတဲ့ ၀င်ငွေကို ကြိုတင်သုံးစွဲတာပါပဲ။
၁၉၉၂မှာ
တရုတ်ဈေးကွက် စီးပွားရေးခေတ်ဦးထဲမှာ စွန့်စွန့်စားစား ထိုးစိုက်ဆင်းလာတာက
တရုတ်သူဌေးတွေ မဟုတ်ပါဘူး။ ဥရောပနဲ့ အမေရိကန်က စွန့်စားရင်းနှီးမြှပ်နှံသူတွေပါ။
ဆိုဗီယက် အပြိုအပျက်ထဲက သင်ခန်းစာတွေကို ကျေညက်ခဲ့တဲ့ အာရှရဲ့ ကြယ်နီကြီးဟာ တစ်နိုင်ငံစနစ်နှစ်မျိုးနဲ့
တိန်ရှောင့်ဖိန့်ဖီလော်ဆိုဖီကို ပီပီပြင်ပြင် ကိုယ်တွယ်ပြလိုက်ပါတယ်။
နဂါးကြီးနိုးအထကို အာရှကျား တွေ ကုတ်ခဲချင်ကြပါသေးတယ်။ ဒါပေမယ့် ၁၉၉၇ အကျပ်အတည်းက
နဂါးကြီးကို အခွင့်အရေး တွေ ပေးလိုက်ပါတယ်။ ဈေးကွက်စီးပွားရေးရဲ့
ပင်လယ်ရေခပ်သောက် မကုန်ဟာ တရုတ်ပြည်ဖြစ်ခဲ့ ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့
စားသုံးသူဈေးကွက် ကြီးမားကျယ်ပြန့်တဲ့ လုပ်အားဈေးကွက်နဲ့
ကမ္ဘာ့နိုင်ငံတော်တော်များများက တရုတ်ပြည်ကို ကုန်သွယ်ဖက် ဖြစ်ချင်လာပါတယ်။
တရုတ်စာ၊ တရုတ်စကား၊ တရုတ်ယဉ်ကျေးမှုက ကမ္ဘာ့အနှံ့အပြားမှာ လေ့လာလိုက်စားသူတွေ တိုးပွားလာပါ
တယ်။
အကျိုးအမြတ်အနေနဲ့
တိုင်ပေက တရုတ်သူဌေးကြီးတွေဟာ ခန်းဆောင်နီအတွက် ဧည့် ကောင်း၊
ဆောင်ကောင်းဖြစ်လာပါတယ်။ အရင်က အငတ်ဘေးတွေနဲ့ အမြဲနပန်းလုံးခဲ့ရတဲ့ ကမ္ဘာ့
လူဦးရေအများဆုံးနိုင်ငံကြီးဟာ အရံငွေကြေးအများဆုံး၊ နိုင်ငံရေးသြဇာ အကြီးဆုံးနဲ့
Asiapasific Friendတွေရဲ့ စိတ်ကူးအိမ်မက်တွေကိုတွန်းတိုက်ခဲ့ပါတယ်။ တရုတ်စတော့
ပူဖောင်းတွေ ဘယ်အ ချိန် ထပေါက်မလဲလို့၂၀၀၆ခုနှစ်က
စိုးရိမ်ခဲ့တဲ့ စီးပွားရေးအကဲဖြတ်တွေဟာ အမေရိကန်က ၀ါးကွမ် နဲ့
အင်ရွှန်ပြိုအကျမှာတော့ မင်သက်နေခဲ့ရပါတယ်။ အကျပ်အတည်းကြားမှာတော့ upgrade လုပ်
ထားတဲက ကွန်မြူနစ်ပါတီဟာ ဘယ်လိုဝှက်ဖဲတွေ ကစားမလဲလို့ ကမ္ဘာအရပ်ရပ်က စောင့်ကြည့်နေ
တုန်းပါ။
အနောက်နဲ့
ရင်းရင်းနှီးနှီးဆက်ဆံတတ်တဲ့ အာရှနိုင်ငံတွေထဲမှာ အိန္ဒိယက ထိပ်ဆုံးမှာပါ ၀င်ပါတယ်။
မဇ္ဈိမသားတွေက ကမ္ဘာနဲ့မျက်ခြေမပြတ်အောင် ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပါတယ်။
စာမတတ်သူသန်းပေါင်းများစွာကို ရင်ဝယ်ပိုက်ထားသလို ကမ္ဘာပေါ်မှာ
အတော်ဆုံးဦးခေါင်းတွေကို လည်း ခေတ်အဆက်ဆက် အားကောင်းမောင်းသန် ထုတ်လုပ်တတ်ပါတယ်။
ယမထာရွှေကြိမ်လုံး ရယ်နဲ့ ထွန်တုံးကိုတဲ့ခြေတော်တင်ဆိုတဲ့
ဗြဟာရပြည်နယ်သားတွေရှိသလို၊ Cyberlab ထဲကနေ ကမ္ဘာပတ်လည်အကြွေးတောင်းနေတဲ့
လူငယ်များလည်းရှိနေပါတယ်။
၂၀၀၇ အထိ စီးပွားရေးတိုးနှုန်း ကိုးရာခိုင်နှုန်းရှိနေတဲ့ အိန္ဒိယ
ဟာ
သမ္မတဘုရှ်ရဲ့ နူကလီးယားလောင်စာ ရောင်းချမှုအစီအစဉ်က
အိန္ဒိယတိုက်ငယ်ကိုအားဆေးပေးလိုက်သလိုပါပဲ။ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာအရ အာရှကို
အဲယားဖိုစ့်ဝမ်းက အင်အားချိန်ခွင်လျှာ ညှိပေးသွားတာပါ…။
မုဆိုးမများရဲ့
ဂရားမင်းဘဏ်၊ လီမိသားစုရဲ့ စင်ကာင်္ပူကော်ပိုရိတ်၊ သက်ဆင်ရှင်နာဝပ်ရဲ့
ပဉ္စလက်စီးပွားရေးအတတ်တို့နဲ့ အာရှငွေကြေးနဲ့ အာရှစီးပွားရေး
က
မှန်ကူကွက်ဆန်နေပါတယ်။ အာရှဟာ ကမ္ဘာရဲ့ ဘယ်အရပ်ဒေသထက်မဆို လောကဓံ
ကို
ပိုခံစားဖူးပြီး၊ ပိုပြီးရင့်ကျက်နေတာကိုတွေ့ နေရပါတယ်။ အကျပ်အတည်းဆိုတာ အာရှရဲ့
လက်ရှိမျိုးဆက်အတွက်တော့
အခက်အခဲမဟုတ်တော့ပါဘူး။ အစကတည်းက နှောင်ကြိုးမဲ့
ဈေးကွက်မဟုတ်တဲ့အတွက်
ဈေးကွက်အလျော့အတင်းဟာ အစိုးရမူဝါဒတွေနဲ့ တိုက်ရိုက်
ပက်သက်နေပါတယ်…။
အာရှမှာစီးပွားပျက်ပေမယ့် ကိုယ့်ကိုယ်ကိုသတ်သေတဲ့နှုန်းနည်းတယ်
အိမ်ကလေးတစ်လုံးမရှိတာနဲ့
ဘ၀ကိုအဆုံးခံမယ်ဆိုတဲ့ အတွေးမျိုး အာရှသားတွေက မတွေးပါဘူး။ အာရှငွေကြေး
အကျပ်အတည်းအပြီး ၁၉၉၉ခုနှစ်မှာ (အေဒီဘီ)က
ဒေါ်လာငါးဘီလီယံတန်ဖိုးရှိ
ချေးငွေတွေထုတ်ချေးပေးခဲ့ဖူးပါတယ်။ ဒေါ်လာသန်း၂၀၀နီးပါး
နည်းပညာအကူအညီတွေ
အာရှကိုခွဲဝေပေးနိုင်ခဲ့ပါတယ်။ အခုလည်း အာရှတရုတ်ကြီးနဲ့
ဂျပန်တို့က
အာရှငွေကြေးတွေကို ကျားကန်ပေးမယ့် ရန်ပုံငွေတစ်ရပ် အေဒီဘီမှာ ထည့်
ဝင်ဖို့ကြိုးစားနေကြပါတယ်။
ရင့်ကျက်တဲ့ အာရှဟာ ငွေကြေးအကျပ်အတည်းကို ဘယ်လို
ဖောက်ထွက်မလည်းဆိုတာ
စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမှာပါ။
တရားခံဘယ်သူလဲဟေ့
လေးမန်းဘရားသား
ဒေ၀ါလီခံဖို့ မလျှောက်ထားခင် နှစ်နှစ်လောက်အလိုကတည်းက စီးပွား ရေးပညာရှင်တွေက
အကျပ်အတည်းဖြစ်ပေါ်လာမှာကို ကြိုတင်သတိပေးခဲ့တာတွေ ရှိပါတယ်။ သူတို့ စကားတွေ
အီရတ်စစ်ပွဲလောက် ငြင်းခုန်စရာမကောင်းပါဘူး။ ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပြီးတော့
လည်း အမာတီနီဂျက်နဲ့ သမ္မတဘုရှ်တို့ နှုတ်လှန်ထိုးနေတာကို အမေရိကန်နဲ့ ဥရောပက
အာရုံစိုက်နေ ကြတယ်။ ယူရိုငွေကြေးကတဖြည်းဖြည်းမာလာတယ်။ ရေနံဈေးက တစ်ရိပ်ရိပ်
တက်လာတယ်။ တာတာကော်ပိုရိတ်က အမေရိကန်သံမဏိ လုပ်ငန်းစုကြီးကို ၀ယ်ယူလိုက်ပါတယ်။
အင်္ဂါဂြိုဟ်ပေါ် မှာ မြေကွက်ရောင်းတဲ့ ကုမ္ပဏီကို တရုတ်အစိုးရကအရေးယူလိုက်တယ်။
အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ အလန်ဂရင်းစပန်း အနားယူသွားတယ်။ ၁၉၃၃နောက်ပိုင်း
အမေရိကန်ငွေကြေးရဲ့ အဆိုးဆုံး နှစ်ကာလတွေကို ရင်ဆိုင်လာရပါတယ်။ ကမ္ဘာပေါ်က
စီးပွားရေးဝေဖန်သူတွေက ဘုရှ်အစိုးရအပေါ် ပြဿနာအစုအဝေးကို ပုံချလာကြပါတယ်။
သမ္မတဘုရှ်ကလည်း သမိုင်းတွင်စေမယ့်ေ’ါ်လာဘီလီ ယံ ၇၀၀ကို ငွေကြေးဈေးကွက်ကို
ကယ်တင်ဖို့ လက်မှတ်ထိုးခဲ့ပါတယ်။ လက်ဖွာတဲ့ အမေရိကန်တွေ အတွက် ခြိုးခြံချွေတာတဲ့
နေ့ရက်တွေ ရောက်ရှိလာပါတော့ ခြောက်ကပ်ကပ်နိုင်လှတဲ့ ခရစ်စမတ်ကာ လ
ဖြစ်တော့မှာပဲလို့ စိုးရိပ်မကင်းကြသူတွေလည်းဒုနဲ့ဒေးပါ။
ပစ္စည်းသင်္ခါရ၊
လူသင်္ခါရ၊ ငွေကြေးသင်္ခါရ မသေမချင်း ပြန်ရှာလို့ရပါတယ်။ ဒါဟာလူတိုင်း နားလည်တဲ့
သဘောတရားပါ။ ဒါပေမယ့် သင်္ခါရကို လူတိုင်းမခံစားနိုင်တာတော့ အမှန်ပါပဲ။ စင် ကာပူကနေ
ပြည်တော်ပြန်ခွင့်ကြုံနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ လစာတွေ ငါးရာခိုင်နှုန်းကနေ
၂၅ရာခိုင်နှုန်းအထိ လျော့ချခံရဖွယ်ရှိနေတဲ့နေရတဲ့ နိုင်ငံသားလုပ်သားတွေ၊
စတော့တွေလည်းရှုံး၊ အိမ်အပေါင်လည်းဆုံးဆိုတော့ အဆုံးအရှုံးတွေကြားရတာ
စိတ်မချမ်းသာစရာပါ။
GM
နဲ့ Ford တို့တောင် အစိုးရအိတ်ကပ်ထဲက ငွေကြေးကို မျက်စပစ်တောင်းဆိုနေရပါ တယ်။
အိမ်ဖြူတော်အနေနဲ့ကလည်း လူမှုဖူလုံရေးမှာ ရန်ပုံငွေတွေထိုးသွင်းမလား။ မော်တော်ကားလုပ်ငန်းတွေ
ကိုပဲ ကျားကန်ပေးမလား။
အိုဘားမားကတော့
ကားလုပ်ငန်းတွေကို ကယ်တင်တာလူ့အဖွဲ့အစည်းကို အကူအညီပေးသလိုပါပဲတဲ့။ ဈေးကြီးပြီး
ဆီစားတဲ့ အမေရိကန်ကားတွေကို ကမ္ဘာကြီးကသုံးစွဲနိုင်ဦး မလား။ ရေနံစိမ်းတစ်ပီပါဒေါ်လာ
၆၀ဆိုတော့ စွမ်းအင်ကိစ္စကို ဧပြီလလယ်လောက်ကလို ကမ္ဘာကြီး က ပူပန်နေပုံမရပါဘူး။
ချမ်းသာကြွယ်ဝတဲ့ စင်ကာပူကျွန်းလေးမှာတော့ အစိုးရ၀န်ထမ်းတွေကအစ လစာလျော့ချခံရဖွယ်
ရှိနေပါတယ်။ တရုတ်တွေမှာ နှစ်ပေါင်းထောင်ချီတဲ့ စီမံခန့်ခွဲမှု ရှိတယ်ဆိုတဲ့
မစ္စတာလီရဲကအသံကို သိပ်မကြားရတော့ပါဘူး။
ဝေါစထရိမှာ
ကပ်ဆိုက်နေပေမယ့် Ebayနဲ့ Amazonကတော့ ငြိမ်ဆိတ်နေပါတယ်။ Network Cableတွေကနေ
ေ’ါ်လာသန်းနဲ့ချီနှိုက်ထုတ်ပြတတ်တဲ့ ကုမ္ပဏီကြီးတွေဟာ ငွေကြေးနဲ့ အရောင်းအ၀ယ်မလုပ်ရင်
ပစ္စည်းချင်းအလဲအလှယ်အထပ်ကို ပွဲစားခထွက်လာအောင် ဘယ်လိုလုပ်မ လဲ ကြံဆနေပုံရပါတယ်။
ဖရီးမားကက် ကျဆုံးပြီလားဆိုတဲ့စကားကို ပလူပျံအောင် ကြားနေရပေ မယ့်
ပခုံးတွန့်ပြမယ့် Cyber ကုမ္ပဏီနှစ်ခုပါ။ ပိုင်ဆိုင်မှုအက်ဆက် တွေကို
မှတ်ကျောက်တင်ပေးတာပါ။
နှောင်ကြိုးမဲ့ဈေးကွက်ဇာတ်လမ်းတွေမျက်ရမ်းမှန်းဆပြောဆိုကြတာ ကို
ပြန်လည်ချေပချက်တွေပါ။ ဖလှယ်မှုတန်ဖိုး၊ သိုလှောင်မှုနှုန်းစံ၊ ကမ္ဘာ့စီးပွားရေး
အဘိဓာန်ထဲမှာ ထည့်သွင်းရေးသားဖို့ အတွေ့အကြုံတစ်ရပ်၊ အပြောင်းအလဲတွေ စလုပ်ဖို့
အခွင့်အရေးကောင်း။
စီးပွားပျက်ကပ်ကို
ဘယ်နှစ်၊ ဘယ်အချိန်ဘယ်လိုအခြေအနေမျိုးနဲ့ ကျော်လွှားနိုင်မယ်လို့
ဘယ်လိုပညာရှင်များမှ တိတိကျကျမပြောနိုင်။ ဘယ်တော့မှ အဆုံးသတ်မှာလဲဆို တာ
မသိနိုင်ပေမယ့် အရာအားလုံးဟာ အစကပြန်စကြရမှာပါ။
အောင်ပိုင်စိုး
No comments:
Post a Comment